Followers

Monday, March 20, 2023

 Benefits of using Building Information Modeling (BIM)

BIM အသုံးပြုခြင်းကြောင့် ရရှိ နိုင်မည့် အကျိုးကျေးဇူးများစွာထဲမှ သိသာမြင်သာတဲ့ အချက် (၆) ချက်။(တခြား benefits တွေလဲရှိ ပါသေးတယ်. But It depend on project and organization)

 ၁။ ဆက်သွယ်ရေး (Communication) နှင့်ပူးပေါင်းဆောင်ရွက်မှု (Teamwork) တိုးတက်လာခြင်း

ပုံမှန် Traditional Projects များထက်စာလျှင် BIM projects များမှာ Communication နှင့် Teamwork ပိုင်းသိသိသာသာ အဆင်ပြေချောမွေ့ တာကို သိသာစွာမြင်တွေ့ နိုင်ပါတယ်။ Autodesk BIM 360 ကဲ့သို့သော cloud-based project fields များမှလဲ BIM Members များကို Communication နဲ့ Teamwork အတွက်လွန်စွာမှ အထောက်အကူပြုပေးပါတယ်။ Autodesk BIM 360 အပြင် တခြား cloud-based software တွေများစွာရှိပါသေးတယ်။ BIM မှာ သုံးတဲ့ Autodesk BIM 360 ကဲသို့သော software များဟာ BIM Members တွေအတွက် အချိန် နေရာ မရွေး Mobile ဖုန်း အသုံးပြုပြီး ၀င်ရောက် နိုင်ပါသေးတယ်။ 

၂. BIM Model အပေါ် အခြေခံ၍ Cost ကို အကဲဖြတ်နိုင်ခြင်း။

BIM Model ကိုအခြေခံပြီး ဆောက်လုပ်ရေးကုန်ကျစရိတ်ကို လွယ်ကူချောမွေ့ စွာထုတ်ယူနိုင်ပါတယ်။(5D BIM ဟုလည်းခေါ်ပါသည် - နောက်အခန်းများမှာ ထပ်မံဖော်ပြပါမည်) ကုန်ကျစရိတ်ကို BIM 360 Docs, Cost X ကဲသို့သော Software များကို အသုံးပြုပြီး အလွယ်တကူ အလိုအလျောက် ထုတ်ယူနိုင်ပါတယ်။

၃။ Changes များကို အလွယ်တကူ Monitor လုပ်နိုင်ခြင်း။

Project တိုင်းမှာ အနည်း နှင့် အများဆိုသလို changes တွေ modifications တွေရှိပါတယ်။ BIM ကိုသုံးခြင်းအားဖြင့် changes တွေကို လွယ်ကူစွာ monitor လုပ်နိုင်ပြီး၊ အရင်အစောပိုင်း design ကိုလဲလွယ်ကူလျင်မြန်စွာ ပြန်လည်သွားရောက် နိုင်သလို လျှင်မြန်စွာလဲ Compare လုပ်နိုင်ပါသေးတယ်။

 ၄။ စီမံကိန်း (Planning)အဆင့်တွင် visualization လုပ်နိုင်ခြင်း။

BIM tools တွေနဲ့ တိကျတဲ့ စီမံကိန်းရေးဆွဲခြင်းနှင့် visulization တွေကို ဆောက်လုပ်ရေးမစခင် (preconstruction stage) မှာ ပင်ပြုလုပ်နိုင်သည်။ အဲ့ဒါကပဲ အချိန်ကုန်ခြင်း နှင့် ကုန်ကျစရိတ်များတဲ့ modification works တွေရဲ့ အန္တရာယ်ကိုလျော့နည်းစေနိုင်ပါသည်။  

 ၅။ ထိရောက်သော Clash Detection နှင့် ပူပေါင်းဆောင်ရွက်ခြင်း(Collaboration)။

BIM Process သည် Contractors, Consultants, Architect, Structure နှင့် ခြားသော Team Members ကြား ထိရောက်တဲ့ Clash Detection နှင့် Coordination တွေပြုလုပ်နိုင်ပါတယ်။ Autodesk BIM 360 Glue ကဲ့သို့ software များအသုံးပြုခြင်းအားဖြင့်အလိုအလျောက် clash detection တွေစောလျင်စွာ ပြုလုပ်နိုင်ပါသေးတယ်။ ဤသည်ကပဲ ပြန်လည်ပြုပြင်ရခြင်း သို့မဟုတ် ပြန်လည်တည်ဆောက်ခြင်းအရေအတွက် နဲ့ Last-minute ပြင်ဆင်ရမှု များကိုပါ တားဆီးပေးနိုင်ပါတယ်။

၆။ အသုံးစရိတ်လျှော့ချခြင်း။

BIM၏အားသာချက်ကိုအသုံးပြုခြင်းဖြင့်ငွေအမြောက်အမြားကိုနည်းအမျိုးမျိုးဖြင့်စုဆောင်းနိုင်သည်။ Preconstruction stage အဆင့်တွင် project ကို ကောင်းမွန်စွာ Review ခြင်းကြောင့် မပြုရသေးသောစွန့်ပစ်ပစ္စည်းအရေအတွက်ကိုကန့်သတ်ထားနိုင်ပါတယ်။ စာရွက်စာတမ်းများနှင့်အပြန်အလှန်ဆက်သွယ်မှုများတွင်ထည့်သွင်းထားရသောအလုပ်သမားကုန်ကျစရိတ်များကိုလျှော့ချနိုင်သည်။


ပဥ္စဂုဏံအဟံ ဝန္ဒာမိ - အနေန္တာအနန္တ(၅)ပါး ဦးထိပ်ထားလျှက် 

No comments:

Post a Comment

  FIRE PROTECTION SYSTEM (မီးဘေးကာကွယ်ရေးစနစ်) - အပိုင်း (၁) Fire Protection system အကြောင်းကို စမပြောခင် မီးဘယ်လိုဖြစ်လာတယ်ဆိုတာနဲ့ ဘယ်လိ...