Followers

Monday, September 28, 2020

 What/Why is BIM?

BIM ဆိုတာ Building Information Modeling အတွက်အတိုကောက်ဖြစ်ပါသည်။ ၎င်းဟာ 3D မော်ဒယ်တစ်ခုအတွင်း အဆောက်အဦး တစ်ခုအားစီမံကိန်းရေးဆွဲခြင်း (planning)၊ ဒီဇိုင်းဆွဲခြင်း (Design) နှင့်တည်ဆောက်ခြင်း (Construction) တို့တွင်ပါ၀င်ပတ်သက်သူများနှင့် AEC(ဗိသုကာ၊ အင်ဂျင်နီယာ နှင့် ဆောက်လုပ်ရေး) ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ် (Process) ပဲဖြစ်ပါသည်။  BIM process သည် ဗိသုကာပညာရှင်များ၊ ကန်ထရိုက်တာများ၊ စီမံကိန်းပိုင်ရှင်များနှင့်အခြားပါ ၀င်ပတ်သက်သောအဖွဲ့အစည်းများအား အပြီးသတ်စီမံကိန်းမည်သို့ဖြစ်မည်ကို မြင်ယောင် အောင်ပြသ နိုင်သော 3D building models တည်ဆောက်မှုများ နှင့်ဆက်စပ်မှုရှိသည်။ Actual Modelတစ်ခု နှင့်ဆွေးနွေး ခြင်း ကြည့်ရှု ခြင်း ကြောင့် ပါ၀င်သူ အဖွဲ့ အစည်း များအားလုံးသည်ဖြစ်နိုင်ချေရှိသောissuesများကိုထောက်ပြပြီး အဆောက်အဦး မ ဆောက်မီတွင်ပင်ဖြေရှင်းနိုင်သည်။ ဤသည်ကအကုန်အကျများသောစီမံကိန်းနှောင့်နှေးခြင်းနှင့် ပြန်လည်ပြင်ဆင်တည်ဆောက်ရခြင်းများကိုရှောင်ရှားရန်ကူညီနိုင်သည်။

ဤနေရာတွင်သတိပြုစရာက BIM သည် Software တစ်ခု ကို ရည်ညွှန်းခြင်း မဟုတ်ပါ။ ပါ၀င်ပါတ်သတ်သူများအားလုံး ၀ိုင်း၀န်းလုပ် ဆောင်ကြတဲ့ Process တစ်ပဲဖြစ်ပါတယ်။

                                        Photo Source: Google.com
                                       

ပဥ္စဂုဏံအဟံ ဝန္ဒာမိ - အနေန္တာအနန္တ(၅)ပါး ဦးထိပ်ထားလျှက် 

No comments:

Post a Comment

  FIRE PROTECTION SYSTEM (မီးဘေးကာကွယ်ရေးစနစ်) - အပိုင်း (၁) Fire Protection system အကြောင်းကို စမပြောခင် မီးဘယ်လိုဖြစ်လာတယ်ဆိုတာနဲ့ ဘယ်လိ...