Followers

Friday, March 24, 2023

 M&E ဆိုတာဘာလဲ?

M&E ဆိုတာ Mechanical and Electrical ရဲ့အတိုကောက်ပါပဲ။ 

Construction နှင့် Engineering Fields မှာ အလုပ်ကိုင်နေသူအတွက်အထူးတလည်ပြောစရာမလိုပေမယ့် အခုမှကျောင်းပြီးမည့်သူများနှင့် လုပ်ငန်းခွင်၀င်ဖို့ ကြိုတင်ပြင်ဆင်နေသူများအတွက်သေချာ ရေးသားမျှ၀ေပေးလိုက်ပါတယ်။  M&E ဆိုတာ ဆောက်လုပ်ရေး (Construction) လုပ်ငန်းများ၊ အဆောက်အဦးများ၊ ဆေးရုံအလုပ်ရုံများ ကစပြီး  သင်္ဘော ကြီးများ အထိအတွင်းပိုင်းမှာထည့်သွင်းအသုံးပြုရတဲ့ System (သို့) Equipment လို့အကြမ်းဖျင်းပြောလို့ရပါတယ်။  M&E နယ်ပါယ်က ကျယ်ပြန့်လို့ ကျွန်တော့အနေနဲ့ Buildings နဲ့ Construction အောက်က အကြောင်းအရာတွေကိုပဲဦးစားပေးရေးသွားမှာဖြစ်လို့ Marine ပိုင်းကတချို့services တွေပါမှာမဟုတ်ကြောင်းလဲ ကြိုတင်စကားပလင်ခံထားပါရစေ။ M&E ရဲ့အခန်းကဏ္ဍ အရေးအရေးပါမှုတွေအကြောင်း မပြောခင် M&E System မှာပါတဲ့ Services လေးတွေဦးစွာမိတ်ဆက်ပေးပါမယ်။ ဒါမှလဲ လူနေမှုအဆင့်အတန်း သို့ လုံခြုံမှု နဲ့ သက်တောင့်သက်သာဖြစ်မှုတို့အတွက် M&E ရဲ့ပါ၀င်ပတ်သက်မှုကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တွေးနိုင်မှာဖြစ်ပါတယ်။  

အပေါ်မှာပြောခဲ့သလို့ ပဲ M&E ကို Mechanical and Electrical ရယ်လို့ အဓိက ပိုင်းခွဲပါတယ်။ ဒါပေမယ့် တချို့နိုင်ငံ၊ company တွေမှာတော့ MEP လို့သုံးကောင်းသုံးနိုင်ပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ Mechanical, Electrical and Plumbing (MEP) ပါပဲ။ တကယ်တော့ အသုံးအနှုန်းနဲ့ အခန်းကဏ္ဍခေါင်းစဥ်ပဲကွဲပြားသွားတာဖြစ်ပြီး သူတို့အောက်မှာရှိတဲ့ Services/Systems တွေကတော့ အတူတူပဲလို့မှတ်ယူနိုင်ပါတယ်။ ကဲM&E အကြောင်းဆက်ကြစို့ …. 

Mechanical System ရဲ့အောက်မှာတော့  

1. Air-conditioning and Mechanical Ventilation (ACMV) / Heating, Ventilation, and Air Conditioning (HVAC) 

2. Plumbing & Sanitary (P&S), Gas and Swimming Pool 

3. Fire Protection (FP)  

4. Industrial Utilities 

5. Vertical Transportation Systems 

6. Building Management System (BMS) / Building Automation Systems (BAS) 

7. Other Auxiliary Systems 

အမှတ်စဥ် 5 နဲ့ 6 ကို Building Operation Systems လို့သတ်မှတ်သူတွေရှိပေမယ့် ကျွန်တော်ကတော့ ပိုကျစ်လစ်ပြီး M&E အောက်၀င်နေစေဖို့ Mechanical အောက်မှာပဲထည့်ပြောလိုက်ပါတယ်။ 

Electrical Systems အောက်မှာတော့ 

1. Power 

2. Lighting 

3. Lightning Protection  

4. Network, Communication and Security Systems (or) Extra Low Voltage Systems (ELV)  တိုဖြစ်ကြပါတယ်။ 

ဒီလောက်ဆို M&E System အောက်မှာ ဘာ services တွေရှိပြီး လူနေမှုအဆင့်အတန်း သို့ လုံခြုံမှု နဲ့ သက်တောင့်သက်သာဖြစ်မှုတို့အတွက် M&E Systems ရဲ့ပါ၀င်ပတ်သက်မှုကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တွေးနိုင်လောက်ပြီထင်ပါတယ်။ ကျွန်တော်တို့နေထိုင်ရာအိမ် အလုပ်ရုံဆေးရုံတွေမှာ M&E System သာမရှိခဲ့ရင် ကျွန်တော်တို့ဘယ်လိုပုံစံမျိုးဖြစ်နေကြမလဲ ဆက်တွေးကြည့်ကြစေချင်ပါတယ်။  နောက် post တွေမှာ  အထက်ဖော်ပြပါ services တွေကို အသေးစိတ်ဆက်လက်ရေးသားမျှ၀ေသွားမှာမို့ အားပေးကြပါဦးလို့ပြောရင်း နှုတ်ဆက်ပါတယ်ဗျာ..  



ပဥ္စဂုဏံအဟံ ဝန္ဒာမိ - အနေန္တာအနန္တ()ပါး ဦးထိပ်ထားလျှက်

No comments:

Post a Comment

  FIRE PROTECTION SYSTEM (မီးဘေးကာကွယ်ရေးစနစ်) - အပိုင်း (၁) Fire Protection system အကြောင်းကို စမပြောခင် မီးဘယ်လိုဖြစ်လာတယ်ဆိုတာနဲ့ ဘယ်လိ...